Teenage Mutant Ninja Turtles: Out of the Shadows
ခုမှ 720p အကြည် Version ထွက်လာလို့ တင်ပေးလိုက်တာပါ။ 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ လိပ်နင်ဂျာကားလို့ ဒီမှာခေါ်ကြတဲ့ရုပ်ရှင် Teenage Mutant Ninja Turtles ရဲ့ အဆက်ဖြစ်တဲ့ဒီရုပ်ရှင်ကားဟာ ပထမကားရဲ့ရန်သူတော်ကြီး Shredder နဲ့တိုက်ပွဲအပြီး တစ်နှစ်အကြာကို အခြေပြုပြီး ထပ်မံရိုက်ကူးထားပါတယ်။ လိပ်နင်ဂျာလေး လေးကောင်ဟာ မြေအောက်ပိုက်လိုင်းတွေထဲမှာပဲနေနေပြီး သူတို့ဆရာကလည်း မြို့ကိုကာကွယ်ဖို့ခွင့်ပြုချက်ပေးလိုက်တဲ့အခါမှာ သူတို့ထုံးစံအတိုင်းအလွဲလေးတွေ ရယ်မောစရာလေးတွေကိုခံစားရဦးမှာပါ။ April ဟာလည်း သူတို့နဲ့ပူးပေါင်းဆောင်ရွက်လာခဲ့ကာ ဒီကားမှာ ဇာတ်ကောင်သစ်အနေနဲ့ Casey ပါဝင်လာခဲ့ပြီး Arrow ဇာတ်လမ်းတွဲထဲကမင်းသား Stephen Amell သရုပ်ဆောင်ထားတာပါ။ အရင်ကားလိုပဲ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ ရိုက်ချက်ကောင်းကောင်းနဲ့ ပေါက်ကွဲမှုတွေကို ဒါရိုက်တာက အသားပေးရိုက်ကူးထားပြီး ပေါ့ပေါ့ပါးပါးဟာသဇာတ်ဝင်ခန်းတွေနဲ့ ရောစပ်ရိုက်ကူးထားတာကြောင့် အက်ရှင်ကားအသစ်တွေကိုမျှော်နေသူတွေအတွက် အကြိုက်တွေ့မှာဖြစ်ပါတယ်။
အညွှန်း : Scarlet Phoenix
Translated by: Christine Evangelline
Encoded by: Eric MK

Sucide Squad နဲ့ Conjuring 2 လေးတင်ပေးပါ Bro
ReplyDelete