The King of The Pig (2011) မြန်မာစာတန်းထိုး
၂၀၁၁ ဘူဆန်နို်င်ငံတကာရုပ်ရှင်ပွဲတော်မှာ ထူးချွန်ဆု ၃ ခုဆွတ်ခူးခဲ့ပြီး IMDB 6.7 Rotten tomatoes 79% ရရှိထားတဲ့ ကိုရီးယား animation ရုပ်ရှင်ဇာတ်ကားကောင်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ သူ့စီးပွားရေး ချွတ်ခြုံကျသွားစေတဲ့ ကိစ္စတစ်ခုအပြီးမှာ သူ့ဇနီးကို ဒေါသအလျောက် သတ်ဖြတ်မိခဲ့ပါတယ်။ သူ့အထက်တန်းသူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့မိတဲ့အခါမှာတော့ သူ့အဖြစ်အပျက်တွေကို ဖုံးကွယ်ထားပြီး ငယ်ဘဝအကြောင်းတွေကို ပြန်ပြောမိရာကနေ စတင်လာတဲ့ ဇာတ်လမ်းပါ။ ချမ်းသာကြွယ်ဝမှုအဆင့်အတန်းတွေ ခွဲခြားဆက်ဆံတဲ့ သူတို့အထက်တန်းဘဝမှာ နေရာတကာနိမ့်ကျနေတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ဝက်တွေလို့ ခေါ်ဝေါ်အတန်းအစားခွဲခံရပြီး အမြဲအနိုင်ကျင့်ခံရလေ့ရှိပါတယ်။တစ်ရက်မှာတော့ ကင်ချောဆိုတဲ့ လူငယ်တစ်ယောက် ရောက်ရှိလာပြီး သူတို့ဘက်က ရပ်တည်ပေးတဲ့အခါမှာ သူတို့ဟာ ကင်ချောအပေါ်မှာပဲ အားကိုးရသူတွေဖြစ်လာကြပါတော့တယ်။ ဒီအကြောင်းတွေကို နောက်ကြောင်းပြန်ပြသရင်းနဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခုလက်ရှိဘဝရဲ့နောက်ကွယ်က ရုပ်ဆိုးတဲ့အမှန်တရားတွေ ရက်စက်တဲ့ဖြစ်ရပ်တွေကိုပါ တောက်လျှောက်ဖော်ပြထားတဲ့ကားဖြစ်လို့ Spoiler မဖြစ်ပဲ ဇာတ်ကြောင်းပြောပြလို့အဆင်မပြေတာကြောင့် ကိုယ်တိုင်ခံစားကြည့်လိုက်စေချင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့အတူ animation ဇာတ်ကားဖြစ်တဲ့အတွက် လူနဲ့ဆို ကန့်သတ်ချက်တွေ အခက်အခဲတွေရှိမယ့် ဇာတ်ဝင်ခန်းတွေပါ ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားတာကြောင့် thriller ဇာတ်ကားကောင်းတစ်ပုဒ်ရဲ့အရသာကို အပြည့်အဝခံစားရမှာပါ။ မြန်မာ animation ပရိသတ်နဲ့ အနည်းငယ်စိမ်းနေသေးတဲ့ ကိုရီးယား animation ဇာတ်ကားကောင်းတစ်ကားကို အရသာသစ်အနေနဲ့ ခံစားကြည့်ရှုနိုင်စေဖို့ gold channel က တင်ဆက်ပေးလိုက်ပါတယ်
Review by: Scarlet Phoenix
Translated by Gemini Sugar
Encoded by: Eric Min Khant
Quality 720P HD 800MB
Watch & Download HD 800MB
Friday, September 16, 2016
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design
Animation
Labels:
Animation
Subscribe to:
Post Comments (Atom)

No comments:
Post a Comment