Saturday, September 10, 2016

League of Gods (2016) မြန်မာစာတန်းထိုး


League of Gods (2016) မြန်မာစာတန်းထိုး HD

Monkey King 1 2 မှာ တရုတ်နိုင်ငံထုတ်ရုပ်ရှင်တွေရဲ့ 3D အစွမ်းကိုကောင်းကောင်းကြီးပြခဲ့ပြီးတဲ့နောက် အခုအသစ်ထွက်ရှိလာတဲ့ 3D ရုပ်ရှင်ကတော့ League of Gods ပါ။ ဂျက်လီ၊ ဖန်ပင်းပင်းအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဦးဆောင်ပါဝင်ထားပြီး ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းသွက်သွက်နဲ့ ရိုက်ကူးထားတာကိုမြင်တွေ့ခံစားကြရပါလိမ့်မယ်။ လောကကို အုပ်စိုးဖို့ နဂါးနက်ဆီမှာ သူ့ဝိဥာဉ်နဲ့အလဲအထပ်ပြုပြီး တခြားလူသားမျိုးနွယ်စုတွေကို ဖြိုခွင်းရင်း တစ်လောကလုံးကိုသိမ်းပိုက်ထားတဲ့ ဘုရင်ကြီး၊ ဘုရင်ကြီးရဲ့ မိဖုရား အမြီးကိုးချောင်း မြေခွေးမတစ်ဦး၊ လူထူးဆန်းတစ်ဦးလည်းဖြစ်ပြီး သူတော်စင်တစ်ဦးလည်းဖြစ်တဲ့ သဘောကောင်းမနောကောင်း မှော်ဆရာကြီးတစ်ဦးနဲ့ မျိုးရိုးစဉ်ဆက်အရ ပျံသန်းနိုင်ပေမယ့် ကိုယ်တစ်ယောက်သာ မပျံသန်းနိုင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်၊ လောကရဲ့ အမှောင်ဘက်ခြမ်းနဲ့ အလင်းဘက်တော်သားတို့ ထိပ်တိုက်တွေ့ကြတဲ့အခါ လူသားတွေအားလုံးအတွက် အဆုံးအဖြတ်တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ 3D effect အကောင်းစားတွေ ထူးခြားတဲ့ဇာတ်ဝင်ခန်းတွေနဲ့မို့ တရုတ်ပြည်မှာလက်ရှိအောင်မြင်နေဆဲ ဒီရုပ်ရှင်ကားကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Translated & Encoded by: Scarlet Phoenix

Download Here 850 MB

No comments:

Post a Comment