Empire of Corpses (2015) မြန်မာစာတန်းထိုး
မင်္ဂလာပါ Goldchannel ပရိသတ်ကြီးအတွက် အာရုံအပြောင်းအလဲလေး ဖြစ်သွားအောင်.. Japan Anime ပရိသတ်တွေအတွက်လဲ collect လုပ်စရာ
တစ်ခုတိုးအောင် Imdb 6.2 နဲ့ Myanimelist.net က 7.0 ပေးထားတဲ့ ကားကောင်းလေးတစ်ကားကို Admin team မှ ရှာဖွေ ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။
Dr. Victor Frankenstein ဆိုရင် ရုပ်ရှင်ချစ်သူတွေနဲ့ အတော်ကြီးကို ရင်းနှီးနေကြမှာပါ Victor မရှိတဲ့တော့နောက် ပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ ဖန်တီးမှု The One ဆိုတဲ့ Creature ကြီး ဘယ်ရောက်သွားသလဲဆိုတာကို... ဇါတ်လမ်းရေးသားသူက ဒီထဲမှာဆက်လက်ကွန့်မြူးပြီး အဖြေထုတ်ပြထားတာကို ရှုစားရပါလိမ့်မယ်။
ဇာတ်လမ်းရဲ့ အစမှာ
Frankenstein နဲ့ အတူ ကွယ်ပျောက်သွားတဲ့ Victor ရဲ့ နည်းပညာအကြောင်း
၁၈၀၀ လွန်နှစ်များမှာ... တိုးတက်ထွန်းကားလာတဲ့ သက်မဲ့ကျွန်တွေအကြောင်း နဲ့ အစပျိုးထားပြီး.. Watson နဲ့ Friday ဆိုတဲ့ ဆေးကျောင်းသား သူငယ်ချင်းနှစ်ယောက်. နည်းပညာနောက်ကို အရူးအမူးလိုက်ခဲ့ကြရင်းက... Friday ဟာ သူ့အသက်ကို စတေးလိုက်ရပါတော့တယ်။ Watson ဟာ Frankstein ထားရစ်ခဲ့တဲ့ မှတ်တမ်းနောက် လိုက်ရင်း.. Hadaly ဆိုတဲ့ အမေရိကန် စပိုင်မလေးနဲ့ ဆုံဆည်းခဲ့ပြန်ပါတယ်၊ တစ်ဖက်မှာ frankenstein ရဲ့ The One ဆိုတဲ့ creature ကြီး ကလဲ တကျော့ ပြန်လည်နိုးထလာတဲ့အခါ....
Friday ကို ပေးခဲ့တဲ့ ကတိတွေ သံယောဇဉ်တွေနဲ့ Watson တစ်ယောက်
သူငယ်ချင်းကို ပြန်ကယ်တင်နိုင်မှာလား၊ အမေရိကန် အစိုးရ နဲ့ ဗြိတိသျှ ရုရှ
သုံးပွင့်ဆိုင် နိုင်ငံရေးတွေကြားထဲမှာ Watson က ဘယ်နေရာက ပါဝင်လာမလဲ
The One က လူဆိုးလား လူကောင်းလား.. ဆိုတာ GC ပရိတ်သတ်ကြီး
ရင်တမမ နဲ့ ရှုစားကြရမှာပါ။
တစ်ခုလောက် စကားလက်ဆောင်ပါးချင်တာက ဇါတ်ကားလေးရဲ့ အဆုံးမှာ
ကျွန်တော်တို့ ရဲ့ ချစ်လှစွာသော မိတ်ဆွေကြီး ရှားလော့ဟုမ်း နဲ့
ဒေါက်တာဝပ်ဆန် ကို တွေ့ရပါလိမ့်ဦးမယ် ပရိသတ်ကြီးခင်ဗျ၊
( ရွှင်လန်းချမ်းမြေ့ကြပါစေ)
Review & Translate by: Geminin Sugar
Encode by: Hein Min Htet
Quality -720P HD Bluray -Rip
Watch & Download 655MB
Thursday, September 29, 2016
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design
Animation
Labels:
Animation
Subscribe to:
Post Comments (Atom)

No comments:
Post a Comment