Sunday, September 4, 2016

Ponyo (2008) မြန်မာစာတန်းထိုး


Ponyo (2008) မြန်မာစာတန်းထိုး

ဒီကားလေးရဲ့ အောင်မြင်မှုတွေကို အရင်ပြောပြချင်ပါတယ်။ Metacritic မှာ 86, စိတ်ပုပ်ကြီး Rotten Tomatoes မှာ 92% နဲ့ IMDB 7.7
ရရှိထားပြီး ၆၅ ကြိမ်မြောက်ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ကာ 2009 Tokyo Anime ဆုပေးပွဲမှာ Anime of the year ဆိုနဲ့ Best domestic feature
ဆုအပါအ၀င် အကောင်းဆုံးဒါရိုက်တာဆုတွေ၊ ဇာတ်ကားဆုတွေများစွာ ဆွတ်ခူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ စိတ်ကူးဆန်းဆန်းနဲ့
ချစ်စဖွယ်ဇာတ်ကားကောင်းတွေပဲ တင်ဆက်လေ့ရှိတဲ့ ဂျပန်animation တွေထုံးစံအတိုင်း ငါးနှစ်သား ကလေးတစ်ယောက်နဲ့ ရွှေငါးမင်းသမီးလေးတွေ့ဆုံပြီး
ဖြစ်ပေါ်လာတဲ့ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ ငါးဘုရင်ကြီးရဲ့သမီးတော် ငါးမင်းသမီးလေးဟာ မှော်စွမ်းအင်တွေပိုင်ဆိုင်ထားပြီး
ဆိုဆူကီဆိုတဲ့ ကောင်လးတစ်ယောက်နဲ့ဆုံမိချိန်မှာတော့ မိန်းကလေးတစ်ဦးအဖြစ်အသွင်ပြောင်းကာ Ponyo ဆိုတဲ့အမည်လေးနဲ့နေထိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဖခင်ကြီးဟာ လူသားတွေရဲ့သဘောသဘာဝမယုံကြည်သူဖြစ်တာကြောင့်ပြန်ခေါ်သွားရာကနေ သူတို့အတူပဲနေနိုင်မလား၊ ရေအောက်မှာ ဘယ်လို
အန္တရာယ်တွေ အခက်အခဲတွေကြုံဦးမလဲစတာတွေကို ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်အဖြစ်ခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဇာတ်ကားကောင်းလေးတွေကို
တင်ဆက်ပေးနေကျထုံးစံအတိုင်း ကြိုးစားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Review by: Scarlet Phoenix
Translate by: Ngwe Zar Aung
Encode by: Eric Min Khant

Watch & Downlaod Here 720P HD

1 comment:

  1. စာတန်းထိုး ဘာသာပြန်တာ အများကြီးလွဲနေပါသည်။ အပြစ်ပြောခြင်းမဟုတ်ပါ ခင်ဗျာ။ အခုလို ဘာသာပြန်ပီး အကောင်းဆုံးတင်ပေးတာကိုပဲ ကျေးဇူးအများကြီးတင်လှပါပြီ။ ဇာတ်ကားရဲ့ပေးချင်တဲ့ သဘောတရားပေါ့သွားမှာစိုးလို့ပါ။ ဆရာကြီးဝင်လုပ်တာမဟုတ်ပါခင်ဗျာ။ ကျွန်တော်ဘာမှမသိပါ။ အခုလိုလဲ စေတနာအပြည့်နဲ့ မလုပ်ပေးနိုင်ပါ။ တစ်မျိုးမမြင်ပါနဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ အမြဲတမ်းအားပေးနေပါတယ်။ I Love Gold Channel .....

    ReplyDelete