The Neon Demon (2016)
အသစ်တွေထဲမှာမှ အသွင်ထူးထူးခြားခြားနဲ့ထွက်ရှိလာပြီး အသက်၁၈ နှစ်ပဲရှိသေးတဲ့ မင်းသမီးချော Elle Fanning ခေါင်းဆောင်ပါဝင်ထားတဲ့ Psychological Horror ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နယ်မြို့လေးတစ်မြို့ကနေ လော့စ်အိန်ဂျလိမြို့ကို ရောက်ရှိလာတဲ့ ဂျက်ဆီဟာ ပထမဆုံးဓာတ်ပုံရိုက်တဲ့နေ့မှာတွေ့ရှိရတဲ့ မိတ်ကပ်ပညာရှင် ရူဘီနဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်တော့ အခြားမော်ဒယ်နှစ်ယောက်နဲ့ပါတွေ့ပြီး အနုပညာအလုပ်ကိုလုပ်တဲ့အချိန်မှာပဲ သူမဘ၀ဟာ ကြောက်ဖို့ကောင်းတဲ့အလှည့်အပြောင်းတစ်ခုကိုရောက်ရှိလာပါတော့တယ်။ သူနဲ့အတူတွဲလုပ်တဲ့ အမျိုးသမီးတွေက ပြိုင်ဘက်ဖြစ်လာတဲ့အခါ ဘယ်လိုတုန့်ပြန်မလဲ၊ သူကရော ဘယ်လောက်ထိ ပြောင်းလဲလာခဲ့သလဲဆိုတာကို ထူးခြားတဲ့ဇာတ်လမ်းအလှည့်အပြောင်း၊ ရက်စက်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ မထင်မှတ်ထားတာတွေလည်း ပါဝင်တာကြောင့် spoil မလုပ်ပဲ ကိုယ်တိုင်ကြည့်လိုက်ကြဖို့ပဲတိုက်တွန်းလိုက်ပါတယ်။ ဖြူဖြူနုနုမင်းသမီးလေးဟာ အခုဇာတ်ကားထဲမှာတော့ တချို့အခန်းတွေမှာ သွေးသံရဲရဲနဲ့မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမယ့်ဇာတ်လမ်းအသွားအလာမျိုးမို့ Goldchannel ပရိသတ်တွေအတွက် ဒီညနေချမ်းမှာ Neon Demon နဲ့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
IMDB 6.8 ရရှိထားပါတယ်။
အညွှန်း : Scarlet Phoenix
Translated by: Kat Pote Pote
Encoded by: Eric MK
Quality : 720p HD
Download HD
Download Small Size

No comments:
Post a Comment