Tuesday, August 30, 2016

Star Watching Dog 2011 ( မြန်မာစာတန်းထိုး)


Star Watching Dog (2011)

 တိရစ္ဆာန်လေးတွေနဲ့ လူတွေမှာ အဓိက ကွာခြားချက်က ဘာလို့ထင်ပါသလဲ။ အသိဥာဏ်လို့ ပြောကြမှာပါပဲ။ ကျွန်တော်ကတော့ သစ္စာတရားကိုပဲ ထောက်ပြချင်ပါတယ်။ လူလောက်အသိဥာဏ်မရှိပေမယ့်လည်း သူတို့လေးတွေမှာ သခင်တစ်ယောက်ကို အမြဲသစ္စာရှိပြီးမျှော်လင့်ချက်အများကြီး မထားတတ်ပဲ အနားမှာသာနေချင်တတ်တာမျိုးပါ။ ဒီဇာတ်ကားလေးဟာ IMDB 7.3 ရရှိထားပြီး သူ့သခင်နဲ့သူ့ခွေးကလေးတို့ရဲ့ကြားကသံယောဇဉ်ကို ပြသထားတဲ့ဂျပန်ရုပ်ရှင်ကားလေးဖြစ်ပြီး အမည်မသိရတဲ့သတ်လတ်ပိုင်းအမျိုးသားတစ်ဦး
သူ့ကားအနီးမှာ သေဆုံးနေပြီး ဘေးမှာလည်း သူ့ခွေးကလေးပါ သေဆုံးနေတဲ့ဇာတ်ဝင်ခန်းကနေစပြီး ကြည့်တဲ့လူတိုင်းကို ဆွဲဆောင်သွားမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေထုံးစံအတိုင်း ခံစားချက်တွေ တပုံတပင်ကြီးပေးမယ့်ဇာတ်ကားဖြစ်လို့ ဒီဇာတ်ကားလေးကိုတော့ တိရစ္ဆာန်ချစ်သူတွေရော မချစ်သေးသူတွေပါ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။

Translated by: Koharu Yukri
Encoded by: Eric MK

Download HD 
Download Small Size

No comments:

Post a Comment