Sunday, August 7, 2016

Bling (2016) မြန်မာစာတန်းထိုး 720P HD




Bling (2016) မြန်မာစာတန်းထိုး 720P HD


Gold Channel gp ထဲ လာလာတောင်းဆိုကြတဲ့ဇာတ်ကားလေးမို့ အခုကြိုးစားတင်ပေးလိုက်ပါပြီနော်။
ရတနာလက်စွပ်ကလေးနဲ့မှ ကိုယ်ချစ်ရတဲ့သူကို ချစ်ရေးဆိုပြီး ပိုင်ဆိုင်ခွင့်ရမယ်လို့ တွေးထင်နေတာက Sam ဆိုတဲ့ မထင်မရှား ကစားကွင်းလေးတစ်ခုက mechanic လေးတစ်ယောက်ပါ။ သူ့မှာ အိပ်မက်တွေလည်း တပုံကြီး မျှော်လင့်ချက်တွေလည်း တပုံကြီးဆိုပေမယ့် သူချစ်ရတဲ့သူကို ဒီလက်စွပ်ကလေးနဲ့ ချစ်ရေးဆိုချင်တာက
သူ့ရဲ့ဘ၀ရည်မှန်းချက်ပေါ့။ လူငယ်လေးမဟုတ်လား။
ဒါပေမယ့် super villain ကြီး Oscar ရောက်လာတဲ့အချိန်မှာတော့ သူ့စိတ်ကူးတွေဟာ တစစီပျက်စီးသွားခဲ့ပါတယ်။
သူ့ချစ်ရသူနဲ့တကွ တစ်မြို့လုံး အန္တရာယ်ကျရောက်သွားတဲ့အခါမှာတော့ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လှတဲ့ ဒီလူငယ်လေးဟာ သူ့ရဲ့ကိုယ်ပိုင် စက်ရုပ်တွေတီထွင်ပြီး အားလုံးကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ သူ့စိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာခဲ့သလား၊ သူ့ချစ်ရသူနဲ့ သူချစ်ရတဲ့မြို့လေးကို သူကယ်တင်နိုင်ခဲ့မလားဆိုတာကို
ဒီ Bling ဇာတ်ကားသစ်လေးမှာ ခံစားရမှာဖြစ်ပါတယ်။ animation ဇာတ်ကားကောင်းလေးဖြစ်ပြီး ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားသစ်လေးဖြစ်တာကြောင့် အခုပဲ
ကြည့်ရှုလိုက်ပါစို့လား။


Review by: Scarlet Phoenix
Encode by: Mg Moe Tain

Watch & Download here 800MB

No comments:

Post a Comment