Wednesday, August 24, 2016

Barbershop : the next cut ( 2016) မြန်မာစာတန်းထိုး


Barbershop : the next cut ( 2016) မြန်မာစာတန်းထိုး

၂၀၁၆ ထုတ် ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့ Barbershop ဟာ ဟာသဇာတ်ကားအမျိုးအစားဖြစ်ပြီးတော်ရုံဟာသကားတွေ သရဲကားတွေကို Rating ကောင်းကောင်းပေးလေ့မရှိတဲ့ အဝေဖန်ကြမ်းတဲ့ Rotten Tomatoes မှာ 92% ထောက်ခံမှုရရှိထားပြီး IMDB 5.9 ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
လူမှုကျင့်ဝတ်တွေဖောက်ပြန်ပြီး မကောင်းမှုတွေများပြားလာတဲ့ Chicago မြို့ရဲ့ စီးပွားရေးကျဆင်းလာချိန်ကို အန်တုဖို့ Angie ဟာ ကိုယ်ပိုင် ဆံသဆိုင်နဲ့ အလှပြင်ဆိုင်ကိုတွဲဖက်ဖွင့်လှစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်လုပ်ဆောင်ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးအလုပ်သမားတစ်ဦးနဲ့ တွဲဖက်လုပ်ကိုင်ရာကနေ ဇာတ်လမ်းအချိုးအကွေ့တွေဖြစ်လာခဲ့ပြီး မြို့ကြီးဟာလည်း တဖြည်းဖြည်း ပိုပိုဆိုးရွားလာတဲ့အခါမှာတော့ သူ့သားလေးအတွက်ပါ ဆံသဆိုင်ပိုင်ရှင်ကြီးဟာ စိတ်ပူလာရပါတော့တယ်။ ရှုပ်ယှက်ခတ်နေတဲ့မြို့၊ လူမိုက်လူရမ်းကားတွေများပြားတဲ့နေရာမှာ ဒီဆံသဆိုင်လေးနဲ့ သူတို့သားအဖတွေ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်လိုနေထိုင်လာကြသလဲဆိုတာကို သဘောကျစရာဟာသဇာတ်ဝင်ခန်းများစွာနဲ့ ရယ်မောခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားသစ်လေးလည်းဖြစ်ပြီး Nicky Minaj တို့ Tyga တို့လိုအဆိုတော်တွေ ပါဝင်ထားပြီး လက်တလောအမေရိကရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ သရော်လှောင်ပြောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် Gold Channel ပရိသတ်တွေ ရယ်မောပျော်ရွှင်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။


Review by: Scarlet Phoenix
Enocde by: Mg Moe Tain



Watch & Download Here 900MB

No comments:

Post a Comment