Sunday, August 21, 2016

Fabulous 30(2011) မြန်မာစာတန်းထိုး

Fabulous 30(2011)  မြန်မာစာတန်းထိုး

အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်ထုတ် ထိုင်းရုပ်ရှင်ကားလေးပါ။ တခြားကားတွေနဲ့ မတူညီတဲ့ ဇာတ်အိမ်၊ လူငယ်တွေကိုပဲ အဓိကထားရိုက်ကူးတာများတဲ့ ထိုင်းဇာတ်ကားတွေနဲ့မတူပဲ အသက် ၃၀ အပျိုကြီးမမတစ်ဦးရဲ့ အချစ်နဲ့ဘ၀ ဇာတ်လမ်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ လှပချောမောပြီး အမျိုးသမီးတိုင်းမက်မော အိပ်မက်မက်ရလောက်တဲ့ အဆင့်အတန်းနဲ့ Ja ဆိုတဲ့အမျိုးသမီးဟာ ရာထူးမြင့်မြင့်လစာကောင်းကောင်းအပြင် သူ့အလှအပတွေကြောင့်ပဲ ခန့်ညားတဲ့ ချစ်သူတစ်ယောက်နဲ့ တွဲခုတ်
နေခဲ့တာကြာပါပြီ။ ဒါပေမယ့် သူ့အသက် ၃၀ ပြည့်မွေးနေ့မှာပဲ သူ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖန်လာပါတော့တယ်။ သူ့ချစ်သူဟာ သူ့ကိုလမ်းခွဲသွားခဲ့ပြီး သူမဟာ single ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်
ထက်မြက်သူပီပီ single ဘ၀ရဲ့ အားသာချက်ပေါင်းများစွာကိုရယူပိုင်ဆိုင်ခဲ့တယ်လို့တွေးပြီး ပျော်ပျော်ကြီး ဘ၀ကိုပြန်ဖြတ်သန်းလာခဲ့ပါတယ်။ ဒါပေမယ့် အချစ်ကိုမရှာတဲ့သူကိုဆို အချစ်ဟာ တံခါးလာခေါက်တတ်တဲ့
ထုံးစံအတိုင်း သူ့ထက် အသက် ၇ နှစ်ငယ်တဲ့ ကောင်လေးချစ်သူတစ်ယောက်ကို ထပ်မံတွေ့ရှိခဲ့တဲ့အခါမှာတော့ အပျိုကြီးမမဟာ ရင်တွေခုန်လာခဲ့ပါတော့တယ်။
IMDB 6.6 ရရှိထားပြီး အာရှရုပ်ရှင် အညွှန်းတိုင်းမှာ ဝေဖန်ရေးဆရာတွေ ထောက်ခံချက်ပေးထားတဲ့ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။

Translated by : U Zai Moe Harn

Encoded by : Mg Moe Tain

Watch & Download 720p HD 800MB

Download small size 500MB



No comments:

Post a Comment