Train to Busan(2016) မြန်မာစာတန်းထိုး HD
သိမ်းထားချင်သူများအတွက်ရော မကြည့်ရသေးသူများအတွက်ပါ ပြင်ဆင်စီစဉ်တင်ဆက်လိုက်တဲ့ Train to Busan ပါ။ HD Quality၊ စာတန်းအတိအကျ ဘာသာပြန်ထားပြီး ပရိသတ်တွေစိတ်မပျက်ရအောင် ကြိုးစားထားပါတယ်။ စာဖိုင်ထွက်ထွက်ချင်း GC ရဲ့ translator အဖွဲ့က ဘာသာပြန်နေခဲ့ပေမယ့် မူရင်းစာဖိုင်ကိုက အမှားအယွင်းများနေတာရယ် တချို့နေရာတွေတော်တော်များများမှာ ဘာမှမပါတာတွေကြောင့် ပရိသတ်ကိုချပြဖို့ အားနာနေခဲ့တာပါ။ ပရိသတ်ကို အမှန်ကန်ဆုံးချပြချင်တဲ့စေတနာနဲ့ အချိန်အနည်းငယ်ယူပြီး ကိုရီးယားဘာသာစကားကျွမ်းကျင်တဲ့ သူငယ်ချင်းအချို့အကူအညီယူကာ မူရင်းအရသာကိုမပျက်စေရအောင် ကြိုးစားတင်ဆက်လိုက်ပါတယ်။ အကောင်းဆုံးဖြစ်စေရမယ်လို့ မကြွေးကြော်ဝံ့ပေမယ့် ကောင်းသထက်ကောင်းအောင် ပရိသတ်အားနဲ့သာ အမြဲကြိုးစားနေမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ အထွေအထူးညွှန်းစရာလိုမှာမဟုတ်ပါဘူး။ လတ်တလောဝင်ငွေစံချိန်တွေချိုးခဲ့တဲ့အပြင် မျက်ရည်မခိုင်သူတွေ စိတ်လှုပ်ရှားလွယ်တတ်သူတွေအတွက်တော့ ဒီကားလေးဟာ အစကတည်းကနေ အဆုံးထိ စိတ်ကျေနပ်မှုကို ပေးစွမ်းမှာပါ။ အိမ်မှာကြည့်ဖို့ပဲဖြစ်ဖြစ်.. မိသားစုကိုပြဖို့ပဲဖြစ်ဖြစ် ပြန်ကြည့်ဖို့ သိမ်းထားလိုတဲ့ပရိသတ်အတွက် အဆင်အပြေဆုံးအရည်အသွေးဖြစ်အောင် ကြိုးစားတင်ဆက်ပေးလိုက်ပါတယ်။
Translated by: Scarlet Phoenix
Encoded by : Eric MK
Watch & Download 1080p HD
Download Small Size
Monday, September 12, 2016
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design
Thriller
Subscribe to:
Post Comments (Atom)

စေတနာ ရှေ့ ထားပြီ အချိန်ကုန်ခံ ငွေကုန်ခံ လူပင်ပန်းပြီ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ 
ReplyDeleteဇာတ်ကားကောင်းကောင်းလေးတွေကို မြန်မာစာတန်ထိုးတွေနဲ့ တင်ပေးနေတဲ့ ( GC ) မှ
အက်မင်များအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုဒီဇာတ်ကားလေးကို ကြည့်ရှုအားပေးနေပါတယ်။
အက်မင်များအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ကျေးဇူတငိပါတယ်.. ကျနော်.blw.ကားတွေလဲကြိုက်တယ.်
ReplyDeleteအက်ဒမင်းတွေ..ကျေးဇူး ပါ.အားလုံးကို.
operation chromite (korean war movie) ၂၀၁၆ ထွက်နေပါပြီ...ခွေဝယ်ကြည့်တာ စာတန်းထိုးမမှန်ဘူးဖြစ်နေပါတယ်... ကိုရီးယားနာမည်ကြီး မင်းသားများနဲ့  Taken ဇာတ်ကားမှ မင်းသားကြီး Liam Neeson ပါဝင်တဲ့ ဇာတ်ကားအသစ်ကြီးပါ...လူကြိုက်များမည့်ဇာတ်ကားပါ..တင်လို့ ရပါက တင်ပေးစေလိုပါစေ..ကျေးဇူးတင်ပါသည်
ReplyDelete