Saturday, September 3, 2016

Moon Lovers: Scarlet Heart Ryeo (2016) မြန်မာစာတန်းထိုး

Moon Lovers: Scarlet Heart Ryeo (2016) မြန်မာစာတန်းထိုး
   
  K drama တွေထဲ နောက်ဆုံးထွက်ရှိလာပြီး ခေတ်နှစ်ခုကြားက မိန်းမပျိုလေးနဲ့ ဂိုလျောခေတ်မှာ သူရှာဖွေတွေ့ရှိခဲ့တဲ့ အချစ်စစ်အကြောင်းကို တင်ဆက်ထားတဲအ ဇာတ်လမ်းတွဲသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ လကြတ်တဲ့အခိုက် ရေကန်ထဲဆင်းမိတဲ့နောက် ဂိုလျောခေတ်ကို ပြန်လည်ရောက်ရှိသွားပြီး နန်းတွင်းရေးအရှုပ်အထွေးတွေထဲ ပါဝင်ခဲ့ရတဲ့ ဟဲဆူး။ မင်းသားတွေများပြားနေပြီး နန်းတွင်းရေးရာမှာလည်း အတိုက်အခိုက်တွေနဲ့ အန္တရာယ်တွေကြားမှာ သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့အမူအရာတွေ၊ ဖြူစင်ရိုးသားပြီး စိတ်ထဲရှိသလိုနေတတ်တဲ့ မိန်းမပျိုလေးဟာ နန်းတွင်းထဲမှာတော့ လူတကာထက်ထူးခြားနေခဲ့ပြီးနောက်မှာတော့ မင်းသားတွေ၊ ထီးနန်းအမွေနဲ့ သူမရဲ့ချစ်ခြင်းမေတ္တာတို့ဟာ ထိပ်တိုက်တွေ့မိကြပါတော့တယ်။ အပိုင်း ၂၀ ရှိမှာဖြစ်ပြီး K drama တွေထဲ နာမည်ကြီး မင်းသားတွေနဲ့ အဆိုတော် IU က အပြိုင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ စိတ်တိုင်းကျ ကျေနပ်စေမယ့် တိုက်ခိုက်ခန်းတွေ၊ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ တင်ဆက်ထားတာမို့ အခုပဲ ခံစားကြည့်လိုက်ကြရအောင်ပါ။

အညွန်း : Scarlet Phoenix
Translate by: Scrlet Phoenix , Alice Ei Phyu , Htet Myat Oo
Encode by: Eric Mk , Scarlet Phoenix




4 comments:

  1. Bro ​ရေ လမ်းကြုံရင်​ mrs.robot series ကား​လေးရှိရင်​တင်​​ပေးပါအုံးခင်​ဗျား

    ReplyDelete
  2. The Heir ဇာတ်​ကား​လေး​ရော တင်​​ပေးပါလား

    ReplyDelete
  3. မြန်​မြန်​​လေး​နောက်​ပိုင်း​တွေတင်​​ပေးပါဦး plz plz

    ReplyDelete
  4. မြန်​မြန်​​လေး​နောက်​ပိုင်း​တွေတင်​​ပေးပါဦး plz plz

    ReplyDelete