Sunday, August 14, 2016

Warcraft The Beginning- 2016 (မြန်မာစာတန်းထိုး)




Warcraft The Beginning-  2016 (မြန်မာစာတန်းထိုး)
IMDb rating 7.3/10

World of Warcraft game ကစားသမားတွေအကြိုက်ဖြစ်တဲ့ Universal Pictures မှဖြန့်ချီတဲ့
Warcraft The Beginning ရုပ်ရှင်ကတော့ Blizzard Entertainment ရဲ့ Warcraft The Last Guardian ဝတ္တုကို
 အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ orc မျိုးနွယ်စုတွေနေထိုင်ရာ Draenor ကမ္ဘာကြီးဟာ
တဖြည်းဖြည်းယို့ယွင်း ပျက်ဆီးလာတဲ့အခါမှ orc တွေဟာ ကမ္ဘာသစ်ရှာဖွေပြီး သိမ်းပိုက်ဖို့ပြင်ဆင်ကြပါတော့သည်။
orc တွေရဲ့ Horde အုပ်စုကြီးကို မကောင်းတဲ့ Fel မှော်အတက်တွေအသုံးပြုတဲ့ Warlock ကြီး Gul'dan မှဦးဆောင်ပြီး
Human, Dwarf, High Elf စတဲ့မျိုးနွယ်စုများနေထိုင်ပြီး ငြိမ်းချမ်းလျက်ရှိတဲ့ Azeroth ကမ္ဘာကြီးကို Fel magic တွေအသုံးပြုကာ
Dark Portal မုခ်တံခါးကြီးဖွင့်ပြီးဝင်ရောက်တိုက်ခိုက်ပါတော့သည်။ Azeroth ကမ္ဘာပေါ်မှ လူသားတွေနေထိုင်ရာ Stormwind တိုင်းပြည်ကြီးမှာ
 ထို orc တွေရဲ့ အန္တရာယ်ကျရောက်တဲ့အခါမှာတော့ Stormwind ဘုရင်ကြီး King Llane Wrynn,  တပ်မှူးကြီး Anduin Lothar, Guardian Medivh, Kirin Tor အဖွဲ့မှ
မှော်ဆရာငယ်လေး Khadgar တို့မှ မိမိတို့အိမ် Azeroth ကမ္ဘာ Alliance အဖွဲ့အတွက် ကာကွယ်တိုက်ခိုက် တိုက်ပွဲဝင်ကြပုံတွေနဲ့ တဖန် Horde ဘက်မှာလည်း
Frostwolf Clan ရဲ့ မျိုးနွယ်စုအကြီးအကဲကြီး Durotan မှာလည်း မိမိတို့ orc မျိုးနွယ်စုရဲ့ ရန်သူအစစ်အမှန်မှာ Gul'dan ရဲ့ မကောင်းဆိုးဝါး fel အတက်တွေဖြစ်ကြောင်း
 Fel တွေက Horde တွေသာမက အားလုံးကိုဖျတ်ဆီးနေတာ ဖြစ်ကြောင်းကို သိတဲ့အခါ orc မျိုးနွယ်စုနဲ့ Horde အတွက် မှန်တဲ့ဘက်မှ ရပ်တည်ပြီးတိုက်ခိုက်ကြပုံတွေကို
 ရှု့စားရမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာ မှော်အတက်တွေနဲ့ စစ်ပွဲတွေကို အပြည့်အဝကြည့်ရှု့ရမှာဖြစ်ပါတယ်။
Warcraft က Warcarft Lore တွေရေးပြီး Warcraft Gamer ကြီး Lion Knight ပြန်ထားတာဖြစ်လို့ WOW နဲ့
ပက်သက်တဲ့အခေါ်အဝေါ်အသုံးအနှုန်းတွေကို စိတ်တိုင်းကျဖြစ်စေပြီး Gamer တွေ WOW Movie ကြည့်ပြီးလိုနေတယ်ထင်တဲ့
အပိုင်းလေးတွေကို ဖြည့်စွမ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်.။

Translated by : Lion Knight


Encoded by : Arkar Hein

Download Here 840MB HD

3 comments:

  1. Hitler Rise of Evil (2003) အဆက်​​လေး ထပ်​တင်​​ပေးပါဦးခင်​ဗျာ.. .​ကျေးဇူးအများကြီးတင်​ပါတယ်​.. . ဒီထက်​မက ​အောင်​မြင်​ပါ​စေခင်​ဗျာ...

    ReplyDelete
  2. Hitler Rise of Evil (2003) အဆက်​​လေး ထပ်​တင်​​ပေးပါဦးခင်​ဗျာ.. .​ကျေးဇူးအများကြီးတင်​ပါတယ်​.. . ဒီထက်​မက ​အောင်​မြင်​ပါ​စေခင်​ဗျာ...

    ReplyDelete
  3. Hitler Rise of Evil (2003) အဆက်​​လေး ထပ်​တင်​​ပေးပါဦးခင်​ဗျာ.. .​ကျေးဇူးအများကြီးတင်​ပါတယ်​.. . ဒီထက်​မက ​အောင်​မြင်​ပါ​စေခင်​ဗျာ...

    ReplyDelete