Saturday, August 20, 2016

Ratchet & Clank (2016) မြန်မာစာတန်းထိုး



Ratchet & Clank (2016) မြန်မာစာတန်းထိုး

အောင်မြင်ခဲ့တဲ့ Ratchet & Clank video game ကိုအခြေပြုရိုက်ကူးထားတဲ့ ၂၀၁၆ ထုတ် ဒီ3D animation ကားသစ်လေးဟာ အာကာသထဲက မတူညီတဲ့ဂြိုဟ်တွေအချင်းချင်း တိုက်ခိုက်ကြတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။ Solana Galaxy ထဲက  Tenemule ဂြိုဟ်က Drek ဟာ သူ့လူတွေနဲ့အတူ ဂြိုဟ်ဖျက်လက်နက်တစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ galaxy ထဲက အခြားဂြိုဟ်တွေဟာလည်း အန္တရာယ်ကြုံလာရပါတော့တယ်။ Veldin ဂြိုဟ်က လူငယ်အာကာသယာဉ်အင်ဂျင်နီယာလေး Ratchet ဟာ ဂြိုဟ်တွေပျက်စီးပျောက်ဆုံးကုန်တာကို သတိထားမိလာတဲ့အခါ စကြ၀ဠာကြီးတစ်ခုလုံး အန္တရာယ်ကြုံလာနိုင်တာကိုတွေးမိလာပါတယ်။ သူအသစ်တွေ့ရှိလာတဲ့ စက်ရုပ် Clank နဲ့အတူ သူဟာ တပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး စကြ၀ဠာကြီးကို ကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Guardians of the galaxy လို ဇာတ်ကားမျိုးကို
ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပြီး IMDB 5.8 ရရှိထားတာမို့ အခုပဲခံစားကြည့်လိုက်ရအောင်ပါ။

Review by: Scarlet Phoenix
Encode by: Eric Min Khant

720P HD  
Small File Size

1 comment:

  1. ခရီးသွား samurai လေး ဆကိတင်ပေးပါ နော် မျှော်နေပါတယ်။

    ReplyDelete