ကမ္ဘာ့ကြောက်စရာအကောင်းဆုံး သရဲကား ၁၄ ကားထဲမှာ နံပါတ် ၆ ချိတ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။ Imdb Rating .5.1 /10 ဇနီးဖြစ်သူ ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးပြီးနောက် ဖြေမဆည်နိုင်အောင် ခံစားနေရတဲ့ စီးပွားရေးသမားတစ်ဦးဟာ သေဆုံးပြီးသူကို ပြန်လည်တွေ့နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ပါတယ်.။ ကျားကုတ်ကျားခဲရှာဖွေတတ်တဲ့ သူ့ရဲ့ဇွဲကြောင့် တစ်နေ့မှာ လျှို့ဝှက်နက်နဲမှု့တွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်း ပဟေဠိသေတ္တာငယ်လေးကို ရရှိခဲ့ပါတယ်.။ အဲ့ဒီ့ သေတ္တာငယ်လေးရဲ့ အစွမ်းက သေဆုံးပြီးသူတွေနဲ့ ဆက်သွယ်နိုင်ပြီး ငရဲမှလူတွေကို ပြန်လည်ခေါ်ဆောင်နိုင်တယ်ဆိုတဲ့ သတင်းစကားကြောင့် မရအက ရှာဖွေခဲ့တာပါ.။ ဇနီးဖြစ်သူကိုပြန်လည်တွေ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပဟေဠိသေတ္တာလေးကို ဖွင့်လိုက်တဲ့အခါမှာတော့ ငရဲကိုတိုးယိုပေါက်ပေါက်သွားတဲ့ တံခါးတစ်ခုပွင့်လာတဲ့ အပြင် ငရဲမှ မိစ္ဆာကောင်ကြီးများ ကမ္ဘာကို ရောက်ရှိလာတဲ့အခါမှာတော့ သွေးပျက်ဖွယ်ရာ သွေးတုန်ကြောက်လန့်ဖွယ်ရာအပြည့်နဲ့ လူ့လောကကြီးကို သေခြင်းတရားနဲ့ အဆုံးစွန်သော နာကျင်မှု့တွေကို ဖန်တီးပေးပါတော့တယ်.။ Hell Raiser ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အင်မတန်ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ အဖြစ်အပျက်တွေ ရက်စက်မှု့အကြမ်းစားတွေပါဝင်တာကြောင့် ကြောက်တတ်သူများနှင့် နှလုံးရောဂါရှိသူများကြည့်ရှု့ရန်မသင့်တော်ပေမယ့် သရဲကားပရိတ်သတ်များအတွက်ကတော့ အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှု့တစ်ခုဖြစ်ကြောင်း လက်တို့ တင်ဆက်လိုက်ရပါတယ်.။
Translated by : Kat Pote Pote
Encoded by : Invoker
Saturday, July 23, 2016
Hell Raiser VI : Hellseeker (2002) မြန်မာစာတန်းထိုး
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design
Thriller
Labels:
Hell Raiser Collection,
Horror,
Thriller
Subscribe to:
Post Comments (Atom)

Anabelle တင်ပေးပါဦးနော်
ReplyDeleteAnabelle တင်ပေးပါဦးနော်
ReplyDelete