Thursday, July 7, 2016

Ghost Ship (2002) (မြန်မာစာတန်းထိုး)


ထိတ်လန့်သည်ဖို ပ၇ိတ်သတ်တွေအနေနဲ့ အချိန်ပေးကြည့်ရှု့ဖို့ ထိုက်တန်တဲ့ နာမည်ကြီးသရဲကား Ghost Ship (2002) နှင့် မိတ်ဆက်ပေးလိုက်ရပါတယ်.။ Captain Sean Murphy တို့ အဖွဲ့ဟာ ပင်လယ်ထဲမှာ ပျောက်ဆုံးနေတဲ့ ရတနာတွေကိုလိုက်လံရှာဖွေတဲ့ စီးပွားဖြစ်လုပ်ကိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ အခက်ခဲဆုံးသော ပစ္စည်း ရှာမရနိုင်အောင်ခက်ခဲတယ်ဆိုတဲ့ အရာဝတ္တုတွေကို ရအောင်ရှာနိုင်ကြသူတွေဖြစ်လို့ ပင်လယ်ထဲမှ ရတနာတွေကို ရှာဖွေနဲ့ နေရာမှာ နာမည်ကြီးအဖွဲ့တစ်ဖွဲပါ.။ တစ်ရက်မှာတော့ 1962 ခုနှစ်က ချမ်းသာတဲ့ လူကုန်တန်သူဌေးတွေများစွာ စီးနင်းလာပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သဘောင်္ကြီးကိုရှာတွေ့နိုင်မယ့် သတင်းကို လူငယ်လေးတစ်ယောက်က Captain Sean တို့ဆီယူဆောင်လာပါတယ်.။ ထိုသတင်းစကားအရ ပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ မျပျက်မစီးမျောပါနေတဲ့ သင်္ဘောာကြီးကို သူတို့တွေ့လိုက်ရတဲ့ အခါမှာ သင်္ဘောာကြီးပေါ်တက်ပြီး ပျော်ရွှင်စွာအောင်ပွဲခံနေကြစဉ်မှာပဲ သူတို့စီးနင်းလိုက်ပါတဲ့ သင်္ဘောငယ်လေးဟာ မီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်.။ ထူးဆန်းတဲ့ သင်္ဘောကြီးပေါ်မှာ သောင်တင်နေတဲ့ လူစွန့်စားတစ်သိုက်ဟာ သင်္ဘောပေါ်ကနေ မမျှော်လင့်ပဲတွေ့လိုက်ရတဲ့ ရတနာတွေသာ မက ရတနာတွေနဲ့ အတူ ကပ်ပါလာတဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေနဲ့ ကြောက်ခမန်းလိလိ စတင်ရင်ဆိုင်လိုက်ကြရပါတော့တယ်.။

Translated by : Kat Pote Pote
Encoded by : Invoker

No comments:

Post a Comment