Tuesday, July 19, 2016

စစ်မှန်သော ချစ်ခြင်းမေတ္တာတစ်ခုရဲ့ ပြယုဂ် (သို့မဟုတ်) Oddball (2015) မြန်မာစာတန်းထိုး










စစ်မှန်သော ချစ်ခြင်းမေတ္တာတစ်ခုရဲ့ ပြယုဂ် (သို့မဟုတ်) Oddball (2015) မြန်မာစာတန်းထိုး 2015 ခုနှစ်ထုတ် ဒီကားလေးဟာ မိသားစုတွေအတူတူကြည့်သင့်တဲ့ ချစ်စရာဇာတ်ကားလေးဖြစ်ပါတယ်။ စိတ်ဝင်စားစရာကတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာပါတဲ့။ ပင်ဂွင်းလေးတွေနေတဲ့အရပ်မှာ မြေခွေးတွေရောက်ရှိလာပြီး ပင်ဂွင်းလေးတွေကို အန္တရာယ်ပြုတဲ့အတွက် အရေအတွက်လျော့ကျလာတဲ့အခါ ကြက်ခြံပိုင်ရှင်ဖြစ်တဲ့ Swampy ဟာ သူ့ရဲ့ မြေးမလေးနဲ့အတူ ခွေးလေးတစ်ကောင်ကို ပင်ဂွင်းလေးတွေအတွက် အန္တရာယ်က ကာကွယ်ပေးဖို့ လေ့ကျင့်ပေးတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုဖတ်ကြည့်ပြီး စိတ်ဝင်စားစရာမရှိဘူးလို့ထင်ရင်တော့ သင်မှားသွားပါပြီ။ Rotten Tomatoes မှာ 85% ရရှိထားပြီး IMDB မှာလည်း ၆.၄ ဖြစ်တဲ့အတွက် ထင်သလောက်ဇာတ်လမ်းကရိုးမနေပဲ စိတ်လှုပ်ရှားစရာ ကြည်နူးစရာတွေနဲ့ ပေါင်းစပ်ထားတာသေချာပါတယ်။ အထူးသဖြင့် Rottem Tomatoes မှာ rating ၇၀ နဲ့အထက်ဆိုရင် ပရိသတ်တို့အနေနဲ့ သေချာပေါက်ဒေါင်းကြည့်ရမယ့်ကားမျိုးဆိုတာ လုံးဝအာမခံပါတယ်။ သူက တော်ရုံကောင်းရုံလောက်နဲ့ အမှတ်မြင့်မြင့်မပေးတတ်လို့လေ။ ဒီဇာတ်ကားဟာဆိုရင် အရောင်းမြှင့်တင်ရေးတွေ သိပ်မလုပ်ပဲပြသခဲ့ပေမယ့် ဝေဖန်သူတွေကြားမှာတော့ မှတ်ချက်တော်တော်လေးကိုကောင်းကောင်းရထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် သင့်မိသားစုရဲ့ ကလေးတွေ လူကြီးတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်ရုပ်ရှင်ကြည့်ကြတဲ့ညနေခင်းလေးဖြစ်သွားဖို့အတွက် အခုပဲ ဒေါင်းကြည့်လိုက်ရအောင်ပါ။

Review By: Scarlet Phoenix
Encode by: Mg Moe Tain




Small File Coming Soon 

No comments:

Post a Comment