Monday, July 25, 2016

Mr.Bean ရဲ့ ဇာတ်ကားသစ် Maigret (2016) မြန်မာစာတန်းထိုး

Mr.Bean ရဲ့ ဇာတ်ကားသစ် Maigret (2016) မြန်မာစာတန်းထိုး
 ကိုဖြိုးမင်းသန့် (Invoker) နှင့် ကိုအောင်သူ( Scarlet Phoenix) တို့အတွက် မွေးနေ့လက်ဆောင်ဒုတိယကားလေးပါ.။ သဘောကျနှစ်ခြိုက်ကြမှာပါ.။

ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်တို့မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ မင်းသားကြီး မစ္စတာဘင်းသရုပ်ဆောင် Rowan Atkinson ပါဝင်သရုပ်ဆောင်ထားပြီး စုံထောက်ကြီး ဂျူးလ်စ်မိုင်းဂရပ်အဖြစ် အသွင်တစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ လူကြိုက်များနေတဲ့ ဒီဇာတ်လမ်းမှာ စုံထောက်ကြီးမိုင်းဂရပ်ဟာ အမျိုးသမီးတွေကို သတ်ဖြတ်တဲ့ကွင်းဆက်လူသတ်သမားတစ်ဦးကို လိုက်လံဖမ်းဆီးဖို့ကြိုးစားရတာဖြစ်ပါတယ်။
အနေအထိုင်သိုဝှက်လှပြီး ဖမ်းဖို့မလွယ်ကူလွန်းလှတဲ့အတွက် မိုင်းဂရပ်ဟာ နာမည်ကြီးစုံထောက်ကြီးပီပီ ထောင်ချောက်တစ်ခုဆင်ပြီး
လူသတ်သမားနဲ့ ဥာဏ်ရည်ချင်းပြိုင်ရပါတော့တယ်။ နောက်ဆုံးမှာ ဘယ်သူဟာ တရားခံဖြစ်နေသလဲဆိုတာကို နာမည်ကြီး ၀တ္ထုကို အခြေခံထားတဲ့
ဇာတ်ကားဖြစ်တဲ့အတွက် မြှုပ်ကွက် လှည့်ကွက် အဆင့်မြင့်မြင့်တွေကို ကြည့်မြင်ခံစားကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်ညွှန်း အရမ်းကောင်းမွန်တဲ့အပြင် မစ္စတာဘင်းပရိသတ်တွေအနေနဲ့လည်း
ကျွန်တော်တို့ငယ်ငယ်ကတည်းက ချစ်ခင်သဘောကျခဲ့တဲ့ မင်းသားကြီးကို တစ်ခါရှုမြင်ရဦးမှာမို့ အားပေးကြည့်ရှုပါဦး။
Review  -Scarlet Phoenix 
Encode by: Mg Moe Tain 
Quality -720P HD 

1 comment:

  1. ​ဒေါင်းလို့မရပါ
    လင့်​​သေ​နေပြီ ...

    ReplyDelete