Thursday, July 14, 2016

1920 London - မြန်မာစာတန်းထိုး 720P HD



1920 London - မြန်မာစာတန်းထိုး 720P HD

ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။
ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။
သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။
အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့ မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။
တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သတွေဖြစ်ခဲ့ကြဖူးပြီး.ရှီဗန်ဂီးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုမှု့ အစွဲကြောင့် ဂျေးတစ်ယောက် ထောင်ထဲကို ရောက်ရှိခဲ့ရပြီး လမ်းခွဲခဲ့ရတာပါ.။
ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။
ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
Credit to 7day Daily
Small File Coming Soon

No comments:

Post a Comment