Friday, October 14, 2016

Pirncess Portection Program (မြန်မာစာတန်းထိုး)




Princess Protection Program (2009) မြန်မာစာတန်းထိုး
*********************************************
Happy Weekend ပါ ပရိသတ်ကြီး၊ ဒီတစ်ခါ ပေါ့ပေါ့ပါးပါး Comedy/Drama
လေးတစ်ခု ရွေးချယ်ထားပါတယ်ခင်ဗျ။ Imdb 5.4 နဲ့ ဒီဇါတ်ကားမှာ
Young Artist Award တစ်ယောက်တစ်ခု ကိုယ်စီ ဆွတ်ခူးခဲ့ကြတဲ့ Singer Actress လေးနှစ်ယောက်ကိုတော့ ကျွန်တော်တို့အနေနဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်ပါတယ်။ :D
သာမန်လူတန်းစားနဲ့ တော်ဝင်အထက်တန်းလွှာတွေရဲ့ကြားမှာ ဘာတွေကွာဟမှုရှိသလဲ၊ အချို့သော အထက်တန်းလွှာတွေရဲ့.. အားနည်းချက်တွေအကြောင်းကို ဘုရင်မလေး Rosalinda အဖြစ် Demi Lovato နဲ့ သူ့ရဲ့ သူငယ်ချင်းကောင်းလေး Carterအဖြစ် Selena Gomez က ပုံဖေါ်သရုပ်ဆောင်ထားပါတယ်။
နန်းတက်ပွဲအခမ်းအနားမှာ Rosalinda ဟာ သစ္စာဖောက်သူတွေကြောင့်.. ဗိုလ်မှူး Mason ရဲ့ အကူအညီနဲ့ ဗိုလ်မှူးရဲ့ နေအိမ်ရှိရာ မြို့ငယ်လေးတစ်မြို့ကို
ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ နန်းတွင်းမှာ ကျန်ရစ်ခဲ့တဲ့ မိခင်ကြီးကို
အပြည့်အ၀ ပြန်လည်ကာကွယ်နိုင်ဖို့အတွက် သစ္စာရှိကိုယ်ရံတော်တပ်ဖွဲ့ရဲ့
အကူအညီ သူငယ်ချင်းကောင်းလေး Carter ရဲ့ ပံ့ပိုးမှု နဲ့... ဘယ်လို ပြန်ပြီး
စွမ်းဆောင်သွားမယ်ဆိုတာ... ကြည့်ရှုခံစားကြည့်ပါခင်ဗျ။ Rosalinda နဲ့
Carter ရဲ့အကြားက... ကွာဟမှုလေးတွေက ပရိသတ်ကို ရသတစ်မျိုး ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
Translator November မှ မြန်မာဘာသာသို့ အလွဲအချော်မရှိရအောင် ပြန်ဆိုထားပြီး Encoder Hein Min Htet မှ အရုပ်ပိုင်းအသံပိုင်း ကြည်လင်စွာ ကြည့်ရှုနိုင်အောင် အထူးတလည်ကြိုးစားအားထုတ်ပေးထားပါတယ်ခင်ဗျ။
ရွှင်လန်းချမ်းမြေ့ကြပါစေ




Review by:Gemini Sugar
Translate by: November
Encode by: Hein Min Htet


Watch & Download 720P HD

No comments:

Post a Comment