Thursday, October 6, 2016

Mune : Guardian of the Moon (2014) မြန်မာစာတန်းထိုး

Mune : Guardian of the Moon (2014) မြန်မာစာတန်းထိုး
===============================
မင်္ဂလာပါခင်ဗျ .. ခပ်မိုက်မိုက် Animation movieေ လးတစ်ခု တွေ့တာနဲ့ GC ပရိသတ်ကြီးအတွက် ကြားဖြတ်ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
3D Animation ပေးတဲ့ရသ Character တွေရဲ့ facial expression တွေကအစ ချစ်မြတ်နိုးတတ်ကြတာ Movie fans တွေရဲ့တူညီတဲ့ စရိုက်တစ်ခုမို့
ဒီလို Movie fans တွေအတွက် Despicable Me၊ Kungfu panda၊ how2traingyourdragon က စလို့ Caroline၊ Tangled၊ Song of the sea၊ Wrack-it-Ralph စတဲ့ နာမည်ကျော် Animation တွေရဲ့ နောက်ကွယ်က ပညာရှင်တွေ တစုတစည်းတည်း ပေါင်းစုဖန်တီးထားတဲ့ Movie ကိုပြပါဆိုရင် ဒီ Guardian of the moon (Imdb 7.3) ကို ညွှန်းရမှာဖြစ်ပါတယ်။
ပြင်သစ်အနုပညာရပ်ဝန်းက ထွက်လာခဲ့တဲ့ storyနောက်ခံပီပီ ကဗျာဆန်ဆန် စိတ်ကူးတွေ၊ အိပ်မက်ဆန်ဆန် စကားလုံးလေးတွေ နဲ့ သပ်ရပ်လှပတဲ့
ပြုလုပ်ချက်တွေကြောင့် Tokyo Anime award မှာ Best Film Award နဲ့ TIFF Kids International Film Festival မှာ Best feature film award ကို
ဆွတ်ခူးနိုင်ခဲ့တဲ့ Movie ပါ။
စိတ်ကူးယဉ်ဆန်ဆန် ဒီဇါတ်လမ်းလေးထဲမှာ.. နေ နဲ့ လ ဆိုတာ ကမ္ဘာသူ ကမ္ဘာသားတွေက ထိန်းကျောင်းပေးနေကြရတယ်လို့ မြင်ရပါလိမ့်မယ်။ ဒီ ကမ္ဘာဂြိုဟ်ပေါ်မှာလဲပိုးမွှားကောင်ကလေး တွေ၊ ဖယောင်းရုပ်ကလေးတွေပဲ အသက်ရှင်နေထိုင်ကြတဲ့ အချိန်ကာလတစ်ခုမှာ.... နေရဲ့ ကိုယ်ရံတော်အဖြစ် Sohone ကို ရွေးချယ်ခဲ့သလို လ ရဲ့ ကိုယ်ရံတော်အဖြစ် Leeyon ကို လျာထားပေမယ့်
လမင်းကြီးက ညဘက် အိပ်မက်ဆိုးတွေကို နှင်ထုတ်ပေးတတ်တဲ့
Mune ဆိုတဲ့ အကောင်ငယ်လေးကို ရွေးချယ်ခဲ့ပါတယ်။ Mune ရဲ့
အတွေ့အကြုံမရင့်ကျက်မှု အလွဲတွေ ရယ် အဲ့ဒီ အကျိုးဆက်တွေကြောင့်
နေ ရော လပါ ကွယ်ပျောက်သွားခဲ့ရပါတော့တယ်။ အဲဒီလို အခြေအနေဆိုးမှာ
Leeyon ကလဲ လွဲချော်ခဲ့ရတဲ့ ကိုယ်ရံတော် နေရာအတွက် မကောင်းကြံစည်
ရာက.. အစစအရာရာ အလွဲလွဲအချော်ချော်တွေ ဖြစ်လာခဲ့ပါတော့တယ်။
Mune ရဲ့ အဖော်... အစစအရာရာ စူးစမ်းလေ့လာတတ်တဲ့ Glim
ဆိုတဲ့ ဖယောင်းရုပ်မလေးကလဲ. ပရိသတ်ကြီးကို ကောင်းကောင်းကြီး မျက်ရည်ချူဦးမှာပါခင်ဗျ။
ဇါတ်လမ်းထဲမှာ ကျန်ရှိနေသေးတဲ့ နောက်ထပ် Bad Characters တွေက
ဆက်လက်ကြည့်ရှု မယ့် ပရိသတ်ကြီးအတွက်ကျေနပ်အားရစရာဖြစ်ပါလိမ့်မယ်ခင်ဗျ။ Animation film ဖြစ်တာမို့... quality အရည်အသွေးမကျအောင်
အတတ်နိုင်ဆုံး ကြိုးစားတင်ဆက်ပေးလိုက်ကြောင်းပါခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Review & Translate & Encode by: Gemini Sugar
Quality : 720P HD

Watch & Download Here 720P HD

No comments:

Post a Comment