Thursday, June 30, 2016

Legend of Qin (2015) Tv Series ချင်ဒဏ္ဍာရီထဲက ဓားမင်းသခင် မြန်မာစာတန်းထိုး


Legend of Qin (2015) Tv Series (မြန်မာစာတန်းထိုး)

ချင်ဒဏ္ဍာရီထဲက ဓားမင်းသခင်

ချင်နိုင်ငံမှာ အဆင်မတန်ဆိုးဝါးပြီးရက်စက်ကြမ်းကြုတ်တဲ့ ကျန်းဘုရင်အုပ်စိုးနေတာကြောင့် ဘုရင်ကို လုပ်ကြံပြီး တိုင်သူပြည်သားတွေ အေးချမ်းမှု့ရရှိရန်အတွက် အမတ်ကြီးချန်ဟာ ကြိုးပန်းခဲ့ပါတယ်.။ သို့သော်သူ့ရဲ့ ကြိုးပန်းမှု့မအောင်မြင်ခဲ့ပဲ ချင်စစ်သားတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပါတယ်။ ချန်ဟာ သူကိုယ်တိုင် အန္တရာယ်အဖြစ်ခံခဲ့ပေးမယ့် သူ့ရဲ့ တစ်ဦးတည်းသောသားဖြစ်သူ ကိုတော့ ကမ္ဘာ့အတော်ဆုံးဓားသမားလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ခန်းနီကို ငှားရမ်းပြီး သက်တော်စေငာ့် အဖြစ်ကာကွယ်ပေးခိုင်းခဲ့ပါတယ်.။  ဓားသမား ခန်းနီဟာ ကလေးကိုကာကွယ်ရင်း ချင်စစ်သား သုံးရာကျော်ကို သတ်ဖြတ်မိလိုက်တဲ့ အခါမှာတော့ ကျန်းဘုရင်ရဲ့ ဒေါသတွေကို မီးမြိုက်ပေးလိုက် သလိုဖြစ်ပြီး တစ်လောကလုံးက အတော်ဆုံး စက်ယန္တရားပညာရှင်၊ လူသတ်သမား ၊ အစွမ်းထက်မှော်ပညာရှင်တွေကို စုစည်းပြီး ဓားသမားခန်းနီနဲ့ ကလေးနောက်ကို မသေသေအောင် လိုက်လံသတ်ဖြတ်ခိုင်းပါတော့တယ်.။
      မှော်ပညာ၊ သိုင်း၊ စက်ယန္တရားအတတ်စသည်ဖြင့် အမျိုးအစားစုံလင်စွာပါဝင်တဲ့ Fantasy သိုင်းကားကောင်းတစ်ခုပါ.။ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဒဏ္ဍာ၇ီထဲကဓား (Quin Moon) Animation ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပြသတဲ့အချိန်မှာလဲ တရုတ်ပြည်မှာ လူကြည့်အများဆုံး စီးရီးတစ်ခုအဖြစ် စာရင်းဝင်ခဲ့ပါတယ်.။ ဒီလိုကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ သိုင်းကားကောင်းတစ်ကားကို ကြည့်ရှု့စေလိုတဲ့ စေတနာရှေ့ထားတင်ဆက်လိုက်ရပါတယ်.။

Translated by: Zin Ko
Encode by: Mg Moe Tain

3 comments:

  1. ကျေးဇူးပြု၍
    မြန်မြန်လေးတင်ပေးပါ
    ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
  2. အေးလေ ကောင်းခန်းရောက်နေမှ ဆက်တင်ပေးပါဗျို့

    ReplyDelete
  3. အပိုင်း၄၁ မြန်မြန်တင်ပါတော့ဗျို့
    နို ချင်လာပီ

    ReplyDelete